ချစ်ခဲ့လားလို့...တော့
မမေးပါနဲ့မင်းနဲ့ဆိုရင်
ခြေလှမ်းချင်းတောင်
ထပ်တူကျချင်ခဲ့တာ
Theorem တွေရှာမတွေ့ခဲ့ပါဘူး
အချစ်ဆုံးမို့ပြေးတွေ့ချင်ပေမယ့်
second သံတွေကြားတိုင်း
သွေးပျက်ခဲ့တယ်
နာကျင်မှုတွေသာခံစားရလွန်းတဲ့
ငါ့နှလုံးသားက...
ကြင်နာမှုတွေကိုကြောက်တတ်နေပြီ
A နဲ့ Z လိုဝေးကွာနေတာပဲကောင်းပါတယ်
B လိုတော့ငါမျှော်ငေးမနေချင်တော့ဘူး...
ထွက်သွားမှာလား...?
မသွားပါနဲ့လို
တားချင်ခဲ့ပေမယ့်
တား...ပိုင်ခွင့်မရှိခဲ့ဘူး
မပိုင်ရင်နေပါစေတော့
ဆိုင်...ခွင့်လေးတော့မျှော်လင့်မိတယ်
ငါ့အတွက်မင်းကဘယ်လိုလူလဲဆိုတာ
မင်းမသိပေမယ့်....
ရင်ထဲမှာနစ်ဝင်နေတဲ့
မင်းပုံရိပ်တွေကို
ဆူးနဲ့မနှိုင်းချင်ပေမယ့်
ခံစားရတဲ့သူကသတိရတိုင်း
အသက်ရှုမ၀ခဲ့ဘူး
ဘယ်တော့မှကံမကောင်းခဲ့တဲ့...ငါ
ဆုတောင်းတိုင်းလဲမပြည့်ခဲ့ပါဘူး
ဒါပေမယ့်လည်း...မျှော်လင့်ချင်သေးတယ်
သက်ဆိုင်ခွင့်လေးလေ
မင်းရဲ့......
သူငယ်ချင်းဖြစ်ဖြစ်ပေါ့
မင်းအတွက်ငါလူရွင်တော်
ပေးဆပ်ခြင်းသက်သက်ဆို
လဲဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်ငါက
ငါ့နှလုံးသားကိုစတေးပြီး
ထာဝစဉ်ပေးဆပ်နေပါ့မယ်
ချစ်ရတဲ့ချစ်သူလေးရယ်..
အသည်းကွဲလူရွင်တော်က
မင်းနဲ့ပတ်သတ်ရင် ခဏခဏငိုခဲ့ရပြီး
ခဏခဏ ကြွေခဲ့ရတယ်
ငါကမင်းသားမဟုတ်တော့
ဇာတ်သိမ်းခန်းက လှပါ့မလား
မင်းနဲ့ဝေးနေတာ ငါအရမ်းလွမ်းနေတယ်ကွာ
Heart ထိတဲ့ ရင်ခွင်အစုံနဲ့
ထီးတစ်ချောင်းနဲ့ကောင်ကလေး
ဟိုးအဝေးကိုငေး
အချစ်ဆုံးမင်းရှိမယ်လို့ထင်တဲ့
မြို့ကလေးဆီကိုပေါ့ကွာ
ဒါလေးတွေရှိတယ်
- ကဗျာများ (11)
- ဒိုင်ယာရီလေး (6)
- မှတ်စုတို (3)
- ရည်းစားစာ (1)
ရောက်ဖြစ်ခဲ့သော
ပြောချင်တာလေးတွေ
Online Now
အမှာစာ
Own Post တွေသာလျှင် တင်တော့မည်...။
အရင်တစ်ချိန်က တစ်ချို့ ခံစားချက်ပိုစ့်တွေမှာ Credit ပေးဖို့ မေ့ကျန်ခဲ့တဲ့ ပိုစ့်တွေရှိပါတယ်..။ Request and Apologyize ကို ဒီကပဲ လုပ်လိုက်ပါတယ်နော်..။
လှည့်စားရတာကိုကြိုက်တယ်
ယောကျာင်္းလေးတွေကို
မျှော်လင့်ချက်အလင်းတန်းနဲ့
စကားတွေမျက်ဝန်းတွေကိုပေါ့
သူတို့လဲအဲဒါမှသိမယ်
သူတို့လှည့်စားခဲ့သမျှကောင်မလေးတွေ
ခံစားခဲ့ရတာကိုပေါ့
ကွန်ပျူတာနဲ့တွက်ချက်ကြည့်စမ်း
သူတို့ရှုံးသလား?
မြတ်သလား?...ပေါ့
သူတို့ကိုလှည့်စားရတာကိုကြိုက်ပေမယ့်
ကိုယ့်ကိုလှည့်စားမှာတော့
ကြောက်မိတဲ့...
ဖြူစင်သလား?
ဘာမှန်းမသိတဲ့ခံစားချက်နောက်ကို
စိတ်ကူးယဉ်စွာနဲ့လိုက်ခဲ့မိတော့
အချစ်နဲ့နှဖူးတွေ့ဒူးတွေ့တွေ့ခဲ့တယ်
စွဲလမ်းတာမဟုတ်ပေမယ့်
ကိုးကွယ်ခဲ့တဲ့အချစ်ဒီစာသားလေးနှစ်ခုတည်းပါ
သာယာမှုတွေပေးလိုက်
နတ်ဆိုးက၀င်မွှေလိုက်
ချော့တခါခြောက်တလှည့်
ရင်ထဲကိုစိုက်ထူသွားတာ
အလွမ်းမှတ်တိုင်လေးပေါ့
ဟင့်အင်း...ဆိုလည်း
နောက်လှည့်မပြန်ဘဲ
အနိုင်ကျင့်တာမဟုတ်ဘဲ
အနိုင်ယူသွားတဲ့ဒီအချစ်...
မုန်းချင်လွန်းလို့
နောင်တကိုသနားရင်လေ
အချစ်ကိုပြောပေးပါ
အလင်းဆီကိုလာလာမလည်ပါနဲ့...လို့
ရင်ခုန်တာအချစ်ဆိုရင်...
သေချာတယ်!
ငါမချစ်မိသေးပါဘူး
ဒါပေမယ့်...
ရင်နာအောင်လုပ်တတ်တဲ့
အလွမ်းဆိုတာက
ငါ့ဆီကိုလာလာလည်သလိုပဲ
ဦးနှောက်ထဲကအကန့်အားလုံးမှာ
"မင်းအတွက်"ပဲဖြစ်နေတတ်တာ
ရင်မောမိပါတယ်
အိပ်မက်ထဲထိတောင်
ချရေးနေမိတဲ့
မင်းနာမည်ကစိုးမိုးလွန်းနေပါပြီ
ဒီလိုနဲ့ပဲ...
မင်းအသံကြားတိုင်း
လှုပ်ခပ်သွားတဲ့ငါ့နှလုံးသားက
မင်းကိုချစ်နေတာလားဆိုတာ...?
ပြောပြပေးပါ.........
တစ်ယေက်အနား တစ်ယောက်အပါးမှာ ထာဝစဉ် နေသွားချင်တာ ချစ်သူတိုင်းရဲ့ အတောင့်တဆုံး လိုအင်တစ်ခုပါနော်။ ဝေးကွာခြင်းဆိုတာကတော့ ချစ်သူတွေ မလိုလားဆုံးသော ဆန္ဒပါပဲ။ ကိုယ့်ဘ၀မှာ ယာယီခွဲခွာခြင်းတွေနဲ့ ကြုံပေမယ့် ပြန်ဆုံကြရမှာပဲ ဆိုတဲ့အသိနဲ့ အံတင်းထားခဲ့တယ်။
သူပြန်လာရင်ဆိုတဲ့ အတွေးဟာ ကျန်ရစ်သူအတွက် အားဆေးပေါ့။ သူရှိစဉ်ကဆိုတဲ့ အတွေးကတော့ ရင်ခုန်မှု နွှေးခြင်းဖြစ်ပါတယ်။ အတွေးဆိုတာ ကွဲကွာနေချိန်မှာ ချစ်သူတွေရဲ့ အဖော်တစ်မျိုးလေ။ ဖြေသိမ့်ခြင်းလို့ပဲ ဆိုရလေမလား။
လမင်းလေးရေ ...
ကြယ်လေးတွေနဲ့ အလွဲခံပြီးတော့ကို
ငါ နင့်ကို စောင့်နေခဲ့တာပါ ... ။
ဖြေရှင်းချက်တစုံတရာမပေးဘဲ
နင်အဆုံးသတ်လိုက်တဲ့ ညမှာ
ဘယ်တော့မှမရပ်တဲ့ အလွမ်းတွေ ...
သည်းနေအောင် ရွာခဲ့ ... ။
ဟယ်လို ...
တစ်ခုခုတော့ပြောခဲ့ပါ
မုန်းရင်လဲမုန်းသွားတဲ့အကြောင်း ... ။
ဟယ်လို ...
တစ်ခုခုတော့ ပြောခွင့်ပေးပါ
နင့်အပေါ်ယုံကြည်ခြင်းတွေ
ခြေထောက်အောက်မှာခုပြီး
ငါ့နှလုံးသားကို ကြိုးစင်တင်လိုက်တဲ့အကြောင်း ... ။
အချစ်ဆိုတာ ..
ရာသီလိုက်ပွင့်တဲ့ပန်းတွေလို
အပြောင်းအလဲမြန်တတ်သလား ... ။
ငါ့ရဲ့စိုးရိမ်မှုတွေသာ
မွန်းကြပ်စေမှန်း သိခဲ့ရင်
ငါသိုသိုသိပ်သိပ်လေး အလောင်ကျွမ်းခံခဲ့ပါတယ် ... ။
အခုတော့ ..
မျှော်လင့်ခြင်းပန်းလေး အသက်မဝင်ခင်တည်းက
အလွမ်းတွေ ကြိုပွင့်နေကြပြီ ... ။
ဟယ်လို ...
အသက်မဲ့သွားတဲ့ ဖုန်းနံပါတ်လေးကို
ငါ့ဘယ်ဘက်ရင်အုံမှာ
တခုတ်တရသိမ်းထားဆဲ ... ။
ဟယ်လို ...
နင်မကြားနိုင်လဲ ထပ်ပြောလိုက်ပါရစေ
ငါ့ရဲ့လမင်းလေးရေ ...
ကြယ်လေးတွေနဲ့အလွဲခံပြီးတော့ကို
ငါ နင့်ကို စောင့်နေဆဲပါ ...
အလွမ်းတွေရွာနေတဲ့ ညတွေမှာပေါ့ ... ။
သူငယ်ချင်းတယောက်ေ၇းပေးထားတာပါ
နေ့တိုင်း၊ ညတိုင်း
မင်းရဲ့လက်လေးကိုဆွဲပြီး
ညအလင်းရောင်လေးမှာမင်းနဲ့တူတူရှိနေပါရစေ။
မနက်ခင်းနေထွက်တဲ့အချိန်လေးမှာလည်း
မင်းရဲ့မျက်နှာလေးကိုမြင်ပါရစေ။
လပြည့်ညလေးတွေမှာလည်း
မင်းရဲ့လက်မောင်းလေးကိုမှီပြီး
မင်းနဲ့တူတူရှိနေပါရစေ။
မင်းရဲ့အချစ်က
ငါ့နှလုံးသားလေးကို
စိတ်လှုပ်ရှားစေတယ်
အဲဒါတွေကမင်းရဲ့အချစ်ကြောင့်ပါပဲ
နေ့တိုင်း၊ ညတိုင်း
မင်းရဲ့လက်လေးကိုဆွဲပြီး
ညအလင်းရောင်လေးမှာမင်းနဲ့တူတူရှိပီး
မင်းရဲ့ဘ၀ကို ဝေမျှခံစားပြီး
နှလုံးသားအစစ်နဲ့
မင်းရဲ့နားမှာ
တူတူနေပါရစေ။
မင်းရဲ့အလင်းရောင်လေးက
ငါအနားမှာရှိနေသလို
မင်းရဲ့အချစ်ကငါ့အနားဝန်းရံနေတယ်
ယခုမှစပြီးမင်းရဲ့နားမှာရှိပါရစေ။
ငါရဲ့အချစ်ကမင်းတစ်ယောက်တည်းအတွက်ပါပဲ
ငါအခွင့်ရှိမယ်ဆိုမင်းရဲ့နံဘေးနေပါရစေ။
ငါရဲ့အချစ်က
အချိန်တိုင်း
နေမထွက်သည့်တိုင်
နေ့တိုင်းညတိုင်း
မင်းရဲ့နံဘေးနားတူတူရှိနေပါရစေ။
သူငယ်ချင်း ရှင်းသန့်မေေ၇းထားတဲ့ကဗျာလေးပါ.
ငါမြတ်နိုးတန်ဖိုးထားခဲ့တဲ့
ပန်းလေးတစ်ပွင့်ကို
အမျိုးမျိုးသာပေးဆပ်နေပေမယ့်လည်း
အရာမထင်တော့တာမို့
ငေးကြည့်ရုံဘ၀ပါ။
ကွက်လပ်ဖြစ်သွားတဲ့
ရင်ခုန်သံအစား
တခြားဘာမှမတောင့်တခဲ့
ပန်းပွင့်လေးအနား
နေခွင့်ရရင်ကျေနပ်သူမို့
ငေးကြည့်ရုံဘ၀ပါ။
နမ်းရှိုက်ခွင့်ရမှအချစ်ဆိုရင်
လက်ခံနိုင်စရာမရှိသလို
ပိုင်ဆိုင်ဖို့ကိုရှေ့တန်းမတင်
သူစိတ်ချမ်းသာဖို့သာအဓိကလူို့
အဓိကလူို့ ခံယူထားသရွေ့
ချစ်နေဦးပေမယ့်လည်း
ဒီအတိုင်းလေးသာ
ငေးကြည့်ရုံဘ၀ပါ။
P.s >>သူငယ်ချင်းတယောက် ပို့ထားတဲ့ပိုစ်လေးပါ....
လူတွေကပြောကြတယ်........
အချိန်ကကုစားစမြဲလို့
ငါ့အနားမှာ..နင်မရှိတာ..(၁)နှစ်ကျော်ရှိပြီပဲ..
ဒါပေမဲ့.. ငါ့စိတ်မှာ
အရင်လိုနင်ရှိစမြဲမို့
ပြန်မလာလည်းလေ
ငါမင်းကို.............
အခုထိစောင့်နေဆဲ
အချိန်ကကုစားမပေးနိုင်တဲ့အခါ
ငါတစ်ယောက်ထဲလွမ်းနေဆဲပါ
မထိုင်ဖြစ်တဲ့ခုံကလေးတွေ
ကန်ဘောင်အင်းယားလေးပေါ်က
တစ်ခါတစ်လေ.....
တစ်ယောက်ထဲစိတ်လေတဲ့အခါ
အရင်လိုမဟုတ်ဘူးငါ့စိတ်ထဲမှာ
ရေခဲတွေအရည်ပျော်သွားသလို
ငါဟာမင်းအကြောင်းတွေးနေကာ.........
ဆွေးလည်းဆွေးနေတာ
ကိုယ်သာ ပန်းချီအနုပညာရှင်တစ်ယောက်ဆိုရင်တော့ “သွေးပျက်သူ” ဆိုတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲ ခင်းကျင်းရလောက်တဲ့ ၀ါဘစ္ဆ ဘ၀မျိုးပါပဲ။
တကယ်ပဲ သွေးပျက်ချောက်ခြားခဲ့ရ
အထီးကျန်မှုကို ဆိတ်ငြိမ်မှုကနိုင်
ဆိတ်ငြိမ်မှုကို ခွေးဟောင်သံကနိုင်
ခွေးဟောင်သံတွေကို အိပ်မက်ဆိုးတွေကနိုင် နဲ့ ဘယ်လိုပဲ ဇွတ်မှိတ်ပြီး အိပ်စက်အိပ်စက် အအိပ်ပျက်ကာလ ၃ ပါးရဲ့ တစ္ဆေခြောက်လှန့်ခံနေရတဲ့ ညတွေပါပဲ။
အဲဒီလမ်းကို ရွေးချယ်ဖို့ ကိုယ် ကိုယ်တိုင် နှလုံးသားကို ဖဲ့ခြွေလမ်းခင်းပေးခဲ့တာ မဟုတ်လား။
ခုချိန်မှာတော့…
နောက်ဆုံးပေါ်ဆန္ဒတွေဘာမှမရှိ၊ ပန်းတိုင်မရှိ၊ လမ်းမရှိနဲ့ ဘာဆို ဘာမှ မရှိ… မရှိ… မရှိခြင်းမှန်သမျှကို ဘ၀နဲ့ အပြည့် လက်ခံထားတဲ့ ကိုယ်လေ။
ကိုယ့်မှာ ရှိတာကတော့…
သိချင်ဟန်ဆောင်နေတဲ့ မသိမှု ခပ်များများရယ် ဘယ်သူမှ ကောက်မယူချင်တဲ့ ဘ၀တွင်းထွက် အမှိုက်နည်းနည်းရယ်…
မေ့ဆေးမထိုးတဲ့ အတိတ်ဝင်စားရက်တွေရယ်
အဲဒါတွေနဲ့ပဲ…
တင်းကျမ်းပြည့်နေတဲ့ ကမောက်ကမလမ်းတွေပေါ်မှာ ကိုယ်ရဲဆေးတင်ပြီး လျှောက်နေရတော့တာပဲလေ…။
ချစ်သူရေ....
မင်းဟာ ကိုယ့်အတွက်တော့ အမြဲတမ်းရှင်သန်နေတဲ့ ပန်းပွင့်လေးပါ....
ဝေးကွာနေရပေမယ့် ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့နှလုံးသားက မင်းနဲ့ အတူရှင်သန်နေမှာပါ.....
အရာရာကိုပေါ့ပျက်ပျက်နေတတ်တဲ့ ကိုယ်က မင်းကို လေးလေးနက်နက် ချစ်တယ်ဆိုတာ မင်းယုံမလား...?
ကိုယ်ရဲ့ ရင်ခုန်သံတွေဟာ မင်းပဲဖြစ်နေခဲ့တယ် မကြာခင်ရောက်တော့မယ် ဆောင်းဦးရာသီလေးမှာ မင်းကိုတွေ့ချင်မိတယ်ချစ်သူ.....မင်းရဲ့ခြေသံလေးကိုနားစွင့်ရင်းမင်းရဲ့ကျောပြင်လေးကိုငေးကြည့်ချင်ခဲ့တယ်ကိုယ်တမ်းတမိတဲ့ မင်းရဲ့ အပြုံးတွေ...........
ကိုယ်တိတ်တဆိတ်သိမ်းဆည်းထားတဲ့ မင်းပုံရိပ်တွေ.......
ကိုယ့်ရင်ထဲမှာ တခြားသူကိုနေရာမပေးနိုင်ဘူး မင်းသိခဲ့ရင်ဘယ်လိုနေမလဲ....
ကြည်နူးမိတဲ့ ချစ်သူရဲ့ရယ်သံလေးကို ကိုယ်စွဲလမ်းနေတာချစ်သူသိပါတယ်........
မင်းရဲ့ အချစ်ဦး ကိုယ်မဖြစ်ခဲ့ပေမယ့် မင်းကိုအချိန်တိုင်းပျော်ရွင်မှုတွေပေးနိုင်တဲ့ ချစ်သူတယောက်ကိုယ်ဖြစ်ချင်ပါတယ်...
မင်းအတွက်ဆိုရင် အချိန်မရွေး အကန့်အသတ်မရှိပေးဆပ်ဖို့ အမြဲအသင့်ရှိနေချင်သူပါ......ဘာတွေပဲဖြစ်ဖြစ် မင်းဟာ ကိုယ်အတွက်တော့ အမြဲတမ်းလင်းလက်နေတဲ့ လလေးတစင်းပါပဲ ဘယ်လောက်ဝေးဝေး ကိုယ်ရင်ထဲမှာ အမြဲလင်းလက်တဲ့လရောင်လေးပါ......
ကိုယ် မင်းကို သိပ်ချစ်တယ် ချစ်သဲူရယ်...........
ဘယ်လောက်ထိချစ်လဲလို့ မမေးပါနဲ့ ပြောဖို့တောင် စကားလုံးမရှိပါဘူး ချစ်သူရယ် .......
တကယ်ပါ ချစ်သူ
ကိုယ်လေ မင်းရဲ့ ဘေးမှာ အတူလမ်းလျှောက်ရင်း မင်းကိုစကားတွေပြောချင်နေမိခဲ့တယ် မင်းရဲ့ ပုံလေး ကိုယ်ရင်ထဲမှာ သိမ်းဆည်းထားတယ် ချစ်သူ.....
ဘယ်တော့မှ မဆုံးနိုင်တဲ့ ချစ်ခြင်းတွေဟာ ချစ်သူ အတွက် သေချာစိုက်ပျိုးခဲ့တာပါ ချစ်သူ....
တွယ်တာတဲ့ သံယောဇဉ်တွေဟာ ကိုယ်တို့ နှစ်ယောက်အတွက် သေချာခိုင်မာတဲ့ သံယောဇဉ်တွေပါ...ချစ်သူရယ် ကိုယ် အရမ်းချစ်တယ် ............
IS P net ....တင်ထားတာလေးကိုကြိုက်လို့Save ei`
အားနည်းချက်ဆိုတာ ချစ်သူတစ်ယောက်ရဲ့ အပရိကချို့ယွင်းချက်ပါလို့ မင်းထင်သလား ချစ်သူ။ ဘယ်လောက်ကြာကြာအထိ ချုပ်ထိန်း သိမ်းဆည်းထားမယ်လို့များ စိတ်ကူးထားခဲ့သလဲဟင်။
ချစ်သူသက်တမ်းဆိုတာ လူ့ဘ၀သက်တမ်းလိုပဲ။ ဗေဒင်ဆရာဆီမေးပြီး ကြိုတွေးထားလို့ ရတာမျိုး မဟုတ်ဘူးနော်။
ဒါကြောင့် အားနည်းချက်ဆိုတာ အချစ်သက်တမ်း ရှည်လာတာနဲ့ အမျှ သူရဲ့အားနည်းချက်ကို နားလည်းပေးနိုင်ရမယ်။ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်။
ခွင့်လွှတ်ခြင်းဆိုတာ အမှားရှိသူတွေသာ လိုလားတတ်တဲ့ ဆန္ဒတစ်မျိုးပါ။ တကယ်တော့ အားနည်းချက်ဆိုတာက ခွင့်လွှတ်ပေးရမယ့် အမှားမျိုးမှ မဟုတ်ပဲ။ နားလည်မှုတွေ ဖြည့်စွက်ပေးရမယ့် ကွက်လပ်မျိုးပါ ချစ်သူ။ ဒါကြောင့် ကိုယ်ကတော့ ခွင့်လွှတ်နိုင်ခြင်းက အချစ်နဲ့ သက်ဆိုင်သလို မဆိုင်ဘူးလို့လဲ ထင်ပါတယ်။ ကိုယ် မင်းကို သိပ်ချစ်တယ်လေ။
အဲဒါဟာ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုပဲပေါ့။ မင်းဟာ ငါ့ရဲ့ အားနည်းချက်တွေကို နားလည်မှုပေးနိုင်ရင် သိပ်ကောင်းမှာပဲနော်။ နားလည်မှုဆိုတာ ရမ်းသန်းမှန်းဆပြိး ထည့်ပေးလို့ ရတဲ့ ဓါတ်ခဲအလေးမျိုး မဟုတ်ဘူးလေ။ သူ့မှာ တိကျမှန်ကန်တဲ့ အတိုင်းအတာ ရှိတယ်။ ကိုယ်က အလေးခိုးတဲ့သူတွေကို မုန်းတယ်။ အဲဒါဟာ ဟန်ဆောင်မှုတစ်ခုပဲ မဟုတ်လား။
မိန်းမတစ်ယောက်ရဲ့ချစ်ခြင်းက ယောင်္ကျားတစ်ယောက်ရဲ့ချစ်ခြင်းထက် ပိုများတယ်ဆိုတာကို ကျွန်မရဲ့ပတ်ဝန်းကျင်မှာ ခဏခဏမြင်တွေ့ခဲ့ပေမယ့် ကျွန်မကိုယ်တိုင် အဲဒီ့လောက်အထိ လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးထားမိခဲ့ဘူး။ ကျွန်မဆိုတဲ့မိန်းမက ကိုယ့်ကို ဂရုတစိုက်ရှိတာကိုပဲ လိုချင်တာလေ။ ကျွန်မကိုယ်တိုင်ကလည်း ကျွန်မချစ်တဲ့သူတွေကို ဂရုတစိုက်ရတာ နှစ်သက်တယ်။ ကျွန်မရဲ့ မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့သူငယ်ချင်းတွေက ကျွန်မကို ဂရုစိုက်ခဲ့ကြတယ်။ မောင်ဆိုတဲ့ ကျွန်မချစ်သူကလွဲရင်ပေါ့………………………
မောင်နဲ့ကျွန်မက ငယ်သူငယ်ချင်းတွေပေါ့။ မောင့်ကို ကျွန်မက အရင်ဆုံးစချစ်ခဲ့တာပါ။ မောင်က သူ့ကောင်မလေးနဲ့ပြတ်သွားပြီး ၂လခွဲ အကြာမှာ ကျွန်မကို ချစ်တယ်လို့ဖွင့်ပြောတယ်။ ကျွန်မကလည်း မောင့်ကို ချစ်တယ်လို့အဖြေပြန်ပေးပြီး မောင်က ကျွန်မရဲ့ ရည်းစားဦးနဲ့ အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တယ်လေ။ ကျွန်မသူငယ်ချင်းတွေအားလုံး အံ့သြလောက်အောင်ကို ကျွန်မမောင့်ကို ချစ်ခဲ့တယ်လေ။ သူငယ်ချင်းတွေက ပြောတယ် နင်အရမ်းချစ်မပြနဲ့တဲ့။ နင်ကိုသူက အနိုင်ယူလိမ့်မယ်တဲ့။ အဲဒီလိုပြောခဲ့ကြပေမယ့် မောင့်ကြောင့် ကျွန်မရဲ့ အရင်တုန်းက ရှိခဲ့တဲ့ မာနတွေ၊ အပြုအမူတွေ၊ စိတ်ထားတွေ အကုန် ပြောင်းလဲသွားခဲ့တယ်။ မောင်လည်း အတော်အသင့်ပြောင်းလဲခဲ့တယ်လို့ ကျွန်မထင်ခဲ့ပြီး အရမ်းကို ပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မအမြင်တွေမှားခဲ့တယ်လို့ ပြောရမယ်။ မောင်က ကျွန်မကို အရမ်းချစ်တယ်လို့ ကျွန်မထင်ခဲ့တာတွေအားလုံးဟာ မောင့်ရဲ့ စကားတစ်ခွန်းနဲ့ ပျက်ပြယ်သွားခဲ့တယ်လေ။ အဲဒီ့စကားကို မောင်က လွယ်လွယ်ပဲပြောထွက်ခဲ့တာကို ကျွန်မအရမ်းလည်း အံ့အားသင့်ခဲ့ရသလို ရင်လည်းနာခဲ့တယ်။ အချော့ခံချင်လို့ စိတ်ကောက်ပြနေတဲ့ ချစ်သူတစ်ယောက်ကို အဲဒီလို စကားမျိုး ပြောထွက်ရက်တဲ့ မောင့်ကိုလည်း ကျွန်မမုန်းချင်ပေမယ့် မုန်းလို့မရခဲ့ပါဘူး။ မောင်က ကျွန်မကိုပြောဖူးတယ်။ စိတ်မဆိုးစိတ်မကောက်နဲ့တဲ့ သူက မချော့တတ်ဘူးတဲ့။ ဒါ့ကြောင့် ကျွန်မတွေးမိတယ် စိတ်ကောက်မိတဲ့ ကျွန်မအမှားပါပဲလို့လေ။ တစ်ဦးကို တစ်ဦးချစ်မိတဲ့အခါ သူတို့ဆီမှာရှိတဲ့ မာနတွေဟာ လျော့ပါးသွားမယ်လို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း မာနဆိုတာ သိပ်မရှိတော့တာကြောင့် မောင်လည်း ကျွန်မလိုပဲလို့ထင်မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မထင်တာတွေအားလုံးလွဲနေခဲ့တယ်လေ။ မောင်က သူ့မာနကိုလုံးဝမလျော့ခဲ့ပါဘူး။
ကျွန်မမောင့်ကို အရမ်းချစ်တာ မောင်သိလားမသိလားတော့ ကျွန်မ မတွေးတတ်တော့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ရုံးက အစ်မတွေကတော့ ကောင်းကောင်းသိတယ်။ သူတို့ကြောင့်ပဲ မောင်နဲ့ကျွန်မ ချစ်သူတွေဘ၀ကို ပြန်ရောက်ခဲ့ရတယ်။ ကွဲအက်သွားတဲ့ ဖန်ခွက်တစ်ခွက်ကို ဘယ်လိုပြန်ဆက်ဆက် အက်ကြောင်းကတော့ ရှိနေတယ်ဆိုတာ အရမ်းမှန်တယ်။ အခုနောက်ပိုင်း မောင့်ကို ကျွန်မမြင်ရရင် အလိုလိုငိုချင်မိတယ်။ နှစ်ယောက်အတူတူထိုင်နေပေမယ့် မောင့်စိတ်က ကျွန်မဆီမှာ ရှိမနေခဲ့ဘူးလေ။ အရင်တုန်းက ရခဲ့တဲ့ ဂရုစိုက်မှု အနည်းငယ်ဟာလည်း ပျောက်ကွယ်ကုန်ပါရော။ ကျွန်မအရမ်းကိုခံစားရတယ်။ ဒါတွေကို မောင်က သိမှာလည်း ဟုတ်သလို ခံစားတတ်မှာလည်းမဟုတ်ပါဘူး။ မောင်ကပြောတယ် “နင်ဖြစ်ချင်တာကိုပြောပြပေါ့တဲ့ မပြောရင်ဘယ်လိုလုပ်ငါကသိမှာလဲတဲ့” ကျွန်မ မောင့်ရှေ့မှာ မျက်ရည်မကျမိအောင် ထိန်းထားပြီး ပြုံးပြုံးလေးနေနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မ သူ့ရှေ့မှငိုလည်း သူက ချော့မှာမဟုတ်ဘူးဆိုတာသိနေလို့လေ။ ကျွန်မသူငယ်ချင်းက ပြောတယ် နင့်အစားငါစိတ်အရမ်းပင်ပန်းတယ်တဲ့။ ကျွန်မကတော့ အဲဒါတွေကို ချိုမြိန်တဲ့ ဒုကတွေပဲလို့ ခံယူထားပါတယ်။ ကျွန်မမောင့်ကို လွယ်လွယ်နဲ့ စွန့်လွှတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မောင်က ကျွန်မကို လုံးဝမချစ်တော့ဘူးလို့ ပြောလာခဲ့ရင်တော့ ကျွန်မမောင့်ကို …………………
P.S..အရမ်းကြိုက်တဲ့ဘလော့တခုပါ...ရေးသားသူနမည်ကတော့မသိလို့မပြောတော့ဘူး..
ချစ်တယ်။ တိုးတိတ်စွာလည်း ညည်းတွားခဲ့ဖူးတယ်။ အပွင့်လင်းဆုံးလည်း ဟစ်အော်ခဲ့ဖူးတယ်။ သူမဟာ အလင်းနတ်သမီးတစ်ဦးလည်းဖြစ်ပါတယ်။ ကြယ်တွေ ညွှတ်ပြောင်းတဲ့ညက စကြဝဠာမှာ ငါ့ကိုယ်ငါ ယာဇ်ပူဇော်ရင်း သူမကို လွမ်းဆွတ်ခဲ့ဖူးတယ်။ ငါဟာ အတ္တများစွာပိုင်ဆိုင်တဲ့ ပြတိုက်တစ်ခုပါ။ ငါဖြစ်နေရတာက ကော်ဇောတစ်ချပ်။ ညနက်နက်ထဲက ဇရပ်ပျက်တစ်ဆောင်။ မီးတို့ လင်းလက်ခဲ့ဖူးလေသည်။ အိပ်မရတဲ့ညတွေမှာ ငါဟာ ပန်းတစ်ပွင့်ကို ဆေးရည် စိမ်ထားခဲ့တယ်။ ဖြစ်ချင်ခဲ့တာကတော့ မီးလျှံတစ်ခုပါ။ လမ်းတွေမှာ တံလျှပ်တွေ ထင်လာကြ။ လကွယ်ညက ငါ့ကို ပြုစားသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ နေ့ရက်တွေကြာလာတော့ ရွှေရောင်အမှုန်အမှိုင်းတွေကို ဆွဲချွတ်ရင်း ချစ်သူပေးခဲ့တဲ့ လက်စွပ်လေးတစ်ကွင်း ပျောက်ခဲ့ရတယ်။ ချစ်သူ သတိတရ ဖြစ်နေတတ်တဲ့ နေ့စွဲတစ်ရက်ဟာ ငါသူ့ရှေ့မှာ ခြေစုံချ တမ်းတရင်း ချစ်ခွင့်ရချင်ခဲ့တဲ့ နေ့တစ်နေ့သာဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ရော ကျွန်တော့်ကိုယ်စား ဘယ်လို ကြည်နူးပေးကြမလဲ။ ကောင်းကင်ကို လေပြေတိုးလို့ မိုးတွေရွာချတိုင်း တိမ်ညိုတွေ ရိုင်းစိုင်းနေလိုက်ကြတာ ငါမနာလိုခဲ့ပါဘူးလေ။ ငါဟာအရူးတစ်ယောက်ပါ။ ငါဟာရေသေမှာ ကူးခတ်မိနေခဲ့သူ တစ်ယောက်ပါ။ ငါ့ကိုယ်ငါ ပြန်တွေ့လိုက်တဲ့ နေ့ကတော့ ကောင်းကင်မှာ ပန်းပျိုးရမယ်လို့ ထင်ခဲ့မိတာကိုး။ အမှားမှား အယွင်းယွင်းနဲ့ အသောက်ခံခဲ့ရတဲ့ စီးကရက်တစ်လိပ်လိုဘဝမျိုး ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အဲဒီ မျှော်စင်ထိပ်ကို တက်လိုက်ပါ။ အဲဒီမှာ ပန်းတစ်ခင်းပွင့်နေတာ မင်းတွေ့မှာပါ။ ချွေယူ နမ်းရှိုက် မင်းကြိုက်သလို (ဖျက်ဆီးချင်ဖျက်ဆီး) ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အဲဒီလိုစိတ်ကူးမျိုး အစထဲက ရှိနေခဲ့မယ် ဆိုရင်တော့ ကောင်းကင်ကို ရေပုံးကြိုးဆွဲပြီး တက်မလာခဲ့ပါနဲ့။ ဒီပန်းတွေက မင်းရေဖြန်းမှု သက်သက်နဲ့သာ ပွင့်လာမှာ မဟုတ်ဘူးဆိုတာ ငါပြောပါရစေ။ ဒါဟာ ပွဲတော်တစ်ခု မဟုတ်ခဲ့ဘူး။ ဒါဟာ မျက်လှည့်ပြကွက်တစ်ခု မဟုတ်ခဲ့ဘူး။ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အနာဂတ်ကို ငါမျှော်မှန်းဖူးပါတယ်။ သူတို့မှာလည်း မရေရာတဲ့ မနက်ဖြန်တွေ ရှိနေတယ်။
ငါ…
ဆေးလိပ်တိုတစ်ချောင်းလည်း ဖြစ်ခဲ့ဖူးတယ်
လိုအင်ဆန္ဒ
ရောဂါ
ဘောလ်ပင်တစ်ချောင်း
နားလည်တတ်မှုနဲ့
ရနံ့မျာ့း
ငါမျက်ရည်တွေနဲ့လည်းကြေကွဲရဲခဲ့ပြီ။ နင့်ကိုချစ်တဲ့ ငါလိုကောင်ရဲ့ သွေးကိုဖောက် ကန္တာရမှာ ခမ်းခြောက်သွားအောင်ကို ဖျန်းပက်လိုက်စမ်းပါ။ ငါဆိုတဲ့ကောင်ကတော့ ရင်ခုန်သံငွေ့ငွေ့နဲ့ ကိုယ့်ကိုကိုယ် ထူမတ်ပြီး ပြန်လည်ပတ် ပစ်လိုက်မယ်။ မိုးရွာထဲမှာ ခင်ဗျား ဘယ်လောက်လမ်းလျှောက်ဖူးသလဲ။ သူမကငြင်းတယ်။ ခေါင်းတော့မခါ။ ပန်းကလေး လှနေတာကို (အခုမှ)သတိတရ ကြည့်လိုက်မိခါမှ ရနံ့မရလိုက်တဲ့ သူတစ်ယောက်ကို မသနားကြပါနဲ့။ လူဆိုတာ ကိုယ်နဲ့ထိုက်တန်တဲ့ လမ်းကို သွားရမြဲပါပဲ။
သံသယတွေ မင်းရင်ခွင်မှာ အသွင်ပြောင်းသွားတဲ့နေ့ ကျရင်သာ နင်ငါ့ကို သတိရပါတော့။ နှလုံးသားထဲ နစ်နေတဲ့အထိ ငါမင်းကို ချစ်ခဲ့တယ်။ တိုးတိတ်စွာ ငါတစ်ယောက်ထဲ ကြေကွဲခဲ့ရတဲ့နေ့တွေကို နင်စာနာပါတော့။ လွမ်းတယ့်။ ဝင်သက်ထွက်သက်တွေနဲ့သာ ဆိတ်ငြိမ်အေးစက်ခဲ့ရသော ငါ့ရဲ့ဘဝတွေ။ အရိပ်တွေနဲ့ လှုပ်ရှားသက်ဝင်ခဲ့ရတာတွေ။ ခံစားချက်… အဖြူရောင် ကျောက်တုံးတစ်တုံးပေါ်မှာ ရေးထားတဲ့ ဘာနဲ့မှမဖော်ပြနိုင်တဲ့ ကောင်းကင်တွေ နင်ပေးခဲ့ဖူးတယ်။
ကျွန်တော့်
မိုးရွာထဲမှာ လမ်းလျှောက်ခဲ့ဖူးတယ်
မိုးရွာထဲမှာ လင်းလက်လာမယ့် မီးအိမ်လေးကိုလည်း ငေးမောခဲ့ဖူးတယ်
တိမ်တွေနဲ့လည်း ယဉ်ပါးခဲ့ဖူးတယ်
မိုးရွာထဲမှာ တစ်ယောက်ထဲလွမ်းခဲ့ဖူးတယ်
မိုးရွာထဲမှာ သူမကိုသတိရနေမိတယ်...
ကျွန်တော်
ဆောင်းနှင်းထဲ မှာလမ်းလျောက်ခဲ့ဖူးတယ်
ဆောင်းနှင်းထဲမှာ လင်းလက်လာမယ့် လမင်းလေးကို မျော်ခဲ့ဖူးတယ်
နှင်းတွေနဲ့ လည်း ဆော့ကစားဖူးတယ်
နှင်းတွေထဲ မှာ တယောက်ထဲ လွမ်းခဲ့ဖူးတယ်
အခုတော့...........
နှင်းတွေထဲ မှာ သူမကိုသတိရနေမိပြီလေ......။
အသက်အပ် ထပ်တိုးလို့
တစ်ဖက်သတ် မြတ်းနိုးရသူရေ
အလှမ်းဝေဖို့ မပြောနဲ့
တစ်လှမ်းလေးတောင် မဝေးချင်တာပါ
အခုတော့
မင်းနဲ့အဝေးဆုံးတစ်နေရာမှာ
လွမ်းမောမှုဒဏ်တွေကို
ဖြတ်သန်းရင်း….
ဝေးလွင့်မှုနာရီတွေကို
မွန်းကြပ်တဲ့ ညတွေထဲမှာ
ကိုယ်တစ်ယောက်ထဲပေါ့
ကိုယ်ဆုတောင်းပါတယ်
ဝေဒနာကင်း
ဖြေစရာရှင်း
နေတစ်ရာလင်းသောနေ့များ ကုန်လွန်ပါစေတော့……လို့
မြစ်ပြင်ကျယ်ထဲမှာလှော်ခတ်နေတဲ့
လှေသမားတစ်ယောက်ဟာ
ကမ်းခြေကိုဘယ်လို ကပ်ရမယ်ဆိုတာသိတယ်။
ကောင်းကင်မှာ မောင်းနှင်နေတဲ့
ပိုင်းလော့ တစ်ယောက်ဟာ
လေယဉ်ကွင်းထဲဘယ်လိုဆင်းရမလဲဆိုတာသိတယ်။
စာသင်ကျောင်းထဲမှာ စာတော်နေတဲ့
ကျောင်းသာတစ်ယောက်ဟာ
စာမေးပွဲအောင်ပို့ ဘယ်လိုကြိုးစားရမလဲဆိုတာ သိတယ်။
မိန်းကလေးရယ်……………..
ကမ်းခြေကိုရောက်ဖို့ လှေမလှော်တတ်ရင်နေပါစေ
လေယာဉ်ကွင်းထဲ ဆင်းဖို့ လေယာဉ်မမောင်းတက်ရင်နေပါစေ
မင်းအချစ်ကိုရဖို့တော့
ငါ့ဘ၀ တစ်ခုလုံးကို ဘ၀ထဲ် မြုပ်နှံထားတယ်။
ချစ်သူတွေအတွက် ချစ်ခြင်းရဲ့ သင်္ကေတ အမည်နာမကိုယ်စီရှိတတ်ကြတာ သဘာဝပါပဲနော်။ ကိုယ်နဲ့မင်းမှာလည်း ချစ်ခြင်းအနက်ကို သက်သေပြတဲ့ ဝေါဟာရလေးတွေ ရှိခဲ့ကြတယ်။ မင်းမှတ်မိနေဦးမယ် ထင်ပါတယ်။
“နင်၊ ငါ၊ ခင်ဗျား၊ ကျုပ်” တွေ နှုတ်က လှိုင်လှိုင်ကြီး သုံးနိုင်ခဲ့ကြတော့ ကိုယ့်ရင်ထဲမှာ တနင့်နင့် ခံစားရသလို မင်းလည်း ထပ်တူထပ်မျှ ဖြစ်လိမ့်မယ်။ ဘယ်လိုမှ ချုပ်တည်းလို့ မရနိုင်တဲ့ ပေါက်ကွဲမှု သံစဉ်တွေဟာ နှလုံးသားကို ရိုက်ခတ်ထုနှက်လိုက်သလိုပါပဲ။ နာကျင်လိုက်တာ။
ကိုယ်တွေးမိတယ်။ မြန်မာအဘိဓာန်ထဲမှာ အဲဒီအသုံးအနှုန်းတွေ ထည့်သွင်းမထားခဲ့ရင် ဘယ်လောက်ကောင်းမှာလဲ။ ချစ်သူတွေဆီကို မလိုလားအပ်တဲ့ ဝေါဟာရတွေ လက်ဆောင်မပေးဖို့ အဘိဓာန်ကြီး တောင်းပန်ချင်ပါသေးတယ်။ ဘာတွေလဲဆိုတော့ ဒေါသ၊ မာန နဲ့ သံသယတွေလေ။
နှလုံးသားဆိုတာ အင်မတန်ထိရှလွယ်တဲ့ အစုပစ္စည်းတစ်ခုပေါ့။ သူ့မှာ ဒေါသကို လက်ခံယူဖို့ အင်အား မရှိပါဘူး။ သံသယကို ဖြေရှင်းပြဖို့ အခွင့်ရေးမရှိပါဘူး။ မာနကို ရင်ဆိုင်ဖို့ စွမ်းရည်လည်းမရှိပါဘူး။ သူ့မှာရှိတာကတော့ မျက်ရည်လို့ခေါ်တဲ့ နှလုံးသွေးတွေပါ။
နှလုံးသွေးဟာ ကျား / မ ရယ်လို့ မရွေးပါဘူး။ ဒဏ်ရာရရင်တော့ ကျလာမှာပဲ။ ကိုယ်လေ အချစ်နဲ့ ပတ်သက်တဲ့ အဘိဓာန်စာအုပ်တစ်အုပ် သီးခြားခွာထုတ် ပြုစုချင်လိုက်တာ ချစ်သူ။ အဲဒီစာအုပ်ထဲမှာ နှလုံးသားကို ထိခိုက်စေသော ဝေါဟာရတွေ လုံးဝမပါစေရဘူး။ အမုန်းဆိုတဲ့ စကားလုံးကိုလည်း အထူးသတိထား ဖယ်ရှားပစ်ခဲ့မယ်။ ရှေ့တန်းတင်ထားချင်တာက အကြင်နာပဲ။
ဒါပေမယ့် အိပ်မက်ထဲမှာတောင် အကောင်ထည်ဖော်ခွင့် မရနိုင်တဲ့ ယုတ္တိမဲ့စိတ်ကူးယဉ်ခြင်း တစ်မျိုးပါ။ ဒါကြောင့်လည်း အဘိဓာန်ထဲက လွမ်းဆွတ်ခြင်းလက်ဆောင်ကို ကိုယ်လှလှကြီး ရခဲ့တာပေါ့။
ဘယ်အရာမှ မမြဲပါဘူးလို့ ရင့်ကျူးနေကြတဲ့ လူတွေကို တစ်ခုလောက် မေးကြည့်ပေးပါလား။ ကျေးဇူးတရားဆိုတာဟာလည်း မမြဲတဲ့သဘောလား ဆိုတာလေ။ မင်းနဲ့ကို ကျေးဇူးကိုယ်စီ ရှိခဲ့ကြဖူးတယ်လေ။ အဲဒါတွေဟာ ဆုံဆည်းခြင်းဆိုတဲ့ လမ်းစမှာ ဖြစ်တည်ခဲ့ပြီး ဝေးကွာခြင်းဆိုတဲ့လမ်းဆုံးမှာ ပျက်ပြယ်သွားရတော့မှာလား။
မင်းကြောင့်ပြောင်းလဲသွားခဲ့ရတဲ့ ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ မင်းက ဖြည့်ဆည်းပေးခဲ့တဲ့ ကိုယ့်ရဲ့ ကွက်လပ်တွေ၊ မင်းအားပေးမှုကြောင့် နိုးကြားခဲ့ရတဲ့ ကိုယ့်ရဲ့အာရုံတွေ၊ အဲဒီကျေးဇူးတရားတွေဟာ ကိုယ်တို့နှစ်ယောက် ဝေးနေရခြင်းဆိုတဲ့ နယ်မြေတစ်ဖက်မှာ ချန်ထားပစ်ခဲ့ရမယ့် မခိုင်မြဲမှုတွေလား။
လောကကြီးမှာ မမြဲဘူးဆိုတာ ရှိပေမယ့် ပလေတို၊ အရစ္စတိုတယ်နဲ့ ဘာထရန်ရပ်ဆယ်တို့ရဲ့ အမည်နာမတွေက နှစ်ပရိစ္ဆေဒ ကြာမြင့်သည်အထိ ဘာဖြစ်လို့ ထင်ကျန်နေရစ်ရတာလဲ။ ရိုမီယိုနဲ့ဂျူးလိယက်တို့ အသက်ပေးချစ်ခဲ့တာလည်း နှစ်တွေ မနည်းတော့ပါဘူး။
ကိုယ် မင်းကို ချစ်တယ်။ အဲဒီအချစ်က ကိုယ်မရှိတော့တဲ့ နောက်ပိုင်းမှာ လုံးဝပျောက်ကွယ်သွားမယ့် အညတရအချစ်မျိုး ဘယ်တော့မှ မဖြစ်စေရဘူး။ ရာဇ၀င်မှာ စာတင်ခွင့်မရရင်တောင်မှ သမိုင်းတစ်ခုမှာ ကမ္ဗည်းတင်ရစ်စေနိုင်မယ့် သစ္စာတရားရဲ့ သက်သေတစ်ခုတော့ ဖြစ်စေရလိမ့်မယ်။
အဲ့ဒါ ကိုယ့်ရဲ့ အမြင့်မားဆုံးသော ဆန္ဒပါ။
ကိုယ် ကြိုးစားမယ် အချစ်ရယ်။
မိုးသားကောင်းကင်ကြီးကို ကိုယ်မော့ကြည့်  မိတယ် ။လုံ ခြုံခြင်း ဆိုတဲ့ သဘောတရားကို ရှာဖွေ မတွေ့  ရှိရပါလား။ ဟင်းလင်းပြင် ကျယ် ကြီးထဲမှာ လွင့် ပါး နေတဲ့ တိမ်ဆိုင်တွေ တိမ်လိပ်တွေဟာ တွယ်ရာမဲ့ ခြင်း ဆိုတဲ့  အနက်ကိုဖော်ကျူးနေကြလေရဲ့  ။ အကြင်နာ မိုးသားပြာပြာ တွေ က ကြည်လင် သန့် စင်ခြင်း နိမိတ်ကို ပြခဲ့  ကြတယ်။ ရွှေရောင်ပုဝါခြုံ ထားတဲ့  တိမ်လွှာကလည်း အချစ်ကြောင့်  တောက်ပမှု့  ဆိုတဲ့  အသွင် ကို ဆောင်ခဲ့ တယ်လေ ။ နီရဲရဲကောင်းကင်ပြင်ဟာ လောင်ကျွမ်းခြင်းဆိုတဲ့သဘောကို ထင်ဟပ်ဖော်ထုတ် နေခဲ့ ပါပြီ ။ ကောင်းကင်ဟာ နွေးထွေးသောလွှမ်းခြုံ မှု့  ကို မပေးနိုင်ရုံ သာမက လှောငပီတ်မွမ်းကြပ်စေတဲ့ သောကအုပဆောင်းကြီး တစ်ခုလို ကိုယ့်  မျက်နှာပေါ် မိုးလာနေတယ် ။ အခံရခက်လိုက်တာ ကြည့်ရင်းကြည့်ရင်း ကိုယ့်နှလုံးသားဆီအထိ ပြိုကျဆင်းတော့မလိုပါပဲ။
ကိုယ့်မျက်လုံးကို စုံမှိတ်ပစ်လိုက်ချင်တော့တယ်။ ကောင်းကင်ပြင်ကြီးကို ကို မကြည့်ချင်တော့ပါဘူး။ အချစ်မဲ့ကောင်းကင်ဆိုတာ ချစ်သူတွေအတွက် အဓိပါယ် တစ်စုံတရာ ရှိမလာနိုင်တဲ့ လေဟာပြင်ကြီးတစ်ခုပဲ မဟုတ်လား။
မရေရာတဲ့လောကကြီးထဲ
အချစ်ဆိုတာကိုဖွေရှာမိတော့
မသေချာမှုတွေရဲ့ကြား
ရင်မောနေရသူကငါပါ..
နင်ကတော့…….
အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား…….?
မြင်နိုင်မယ်ဆိုရင်
ငါ့ရဲ့ရင်ထဲ
ခဏလောက်ဝင်ကြည့်လှည့်ပါ
ချစ်သူပေးတဲ့ဒဏ်ရာဆိုတာ
နှလုံးသားရဲ့အတွင်းဆုံးအလွှာအထိ
အမြစ်တွယ်တတ်ပါသတဲ့..
နင်မသိခဲ့ပါဘူး
နင့်ကိုသတိရလို့မက်တဲ့အိပ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့လေ
မျှော်လင့်မိပါတယ်
နင့်ရဲ့အချစ်တွေ
ငါ့အတွက်သီးသန့်ဖြစ်လာမယ့်တစ်နေ့နေ့ကိုပေါ့
အဆုံးမဲ့တဲ့ငါ့အချစ်တွေက
ပေးဆပ်ခြင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူရယ်…..
သတိရတယ်
အမြဲလိုလိုပါပဲ
အချိန်တိုင်းရှိနေချင်တာ
မင်းရဲ့အနားမှာမို့
ခဏလေးမေ့ထားဖို့တောင်
မတွေးခဲ့မိဘူး
ဝေးရမှာကိုတောင်
စိတ်ကူးထဲမှာတွေးကြောက်နေမိတယ်
တစ်ကယ်သာဝေးခဲ့ရမယ်ဆို
ကိုယ့် ရဲ့ အိပ်ပျက်ညတွေ……
..ရက်ဆက်နေမလားမသိဘူးနော်
ဖြစ်နိုင်မယ်ဆိုရင်………………..
ကိုယ့်ရဲ့ ချစ်တတ်တဲ့…
နှလုံးသားတစ်စုံဟာ………
မင်းအတွက်ပဲဆိုတာသိစေချင်လိုက်တာ
Tokyo..ရဲ့ တစ်နေရာမှာ…..
နေ့ရောညပါ…မင်းကိုလွမ်းနေတဲ့
ကောင်လေးတစ်ယောက်ရှိတယ်ဆိုတာ သတိရပေးပါနော်…..
ရင်နဲ့ရင်းပြီးချစ်ခဲ့ရလို့ပါ…..
ကောင်မလေးရယ်………..
ရင်မှာခံစားချစ်သူအား
ပြင်ပပုံစံသူငယ်ချင်းဟန်
ဟန်ဆောင်ရတာ
ပင်ပန်းတယ်ကွာ....
ရင်မှာခံစားအလွမ်းအား
ပြင်ပပုံစံအပြုံးဟန်
ဟန်ဆောင်ရတာ
ပင်ပန်းတယ်ကွာ....
ရင်မှာခံစားမရိုးသားမှုအား
ပြင်ပပုံစံဖြူစင်ဟန်
ဟန်ဆောင်ရတာ
ပင်ပန်းတယ်ကွာ...
ဟန်ဆောင်မျက်နှာခွာလိုသော်လည်း
မဖြစ်နိုင်မှန်းတို့နားလည်
ခံစားချက်အမှန်သိုဝှက်ထားလျက်
မင်းကိုအမြဲကြေကွဲစိတ်နဲ့
တိတ်တခိုးရင်မှာချစ်နေဆဲပါ.............
၁၀တန်းကျောင်းသားဘ၀ကကြိုက်ခဲ့တဲ့ကဗျာလေးကိုပြန်ရေးပြီးတင်ထားတာပါ..
ရူးရူးမိုက်မိုက် နှလုံးသားတစ်ခုနဲ့
မာယာတွေ ခ၀ါချလို့
ရိုးရိုးသားသားချစ်ခဲ့သူပါ.....
အချစ်နဲ့ လှပတဲ့နေ့ရက်တွေကို
တပ်တပ်မက်မက် ဖြတ်သန်း
ပိုင်ဆိုင်ချင်သူပါ............
တကယ်တမ်းတော့
အဝေးက မြင်ခွင့်လေးတစ်ချက်တောင်
မရတဲ့ ဘ၀ကို
တိတ်တဆိတ်ပဲ ရင်နာနေမိနေတော့တယ်။။။
ထားလိုက်ပါတော့......
အချစ်အတွက် ကံမကောင်းခဲ့တဲ့
ဘ၀တစ်ခုအတွက်
အလွမ်းတွေကိုပဲ မြတ်နိုးစွာ
ထွေးပွေ့ရင်း ရင်ထဲမှာ အမှန်တရားကို
တိုင်တည်သစ္စာပြုလိုက်တယ်..........။
ခုဘ၀က စလို့ သံသရာအကွေ့တစ်ရာတိုင်အောင်
ချစ်ခြင်းမပျက် အမုန်းမဖက်
ပြုံးလျှက်အစဉ် သစ္စာရှင်အဖြစ်
ဘ၀ အဆက်ဆက် မြတ်နိုးသွားမယ်....။
ချစ်သူ နောက်ဆုံးစက္ကန့် အထိ မြတ်နိုးသွားမယ်.... ။။။ ။။။
Post by မိုးမျှော်