ရူးရူးမိုက်မိုက် နှလုံးသားတစ်ခုနဲ့
မာယာတွေ ခ၀ါချလို့
ရိုးရိုးသားသားချစ်ခဲ့သူပါ.....
အချစ်နဲ့ လှပတဲ့နေ့ရက်တွေကို
တပ်တပ်မက်မက် ဖြတ်သန်း
ပိုင်ဆိုင်ချင်သူပါ............
တကယ်တမ်းတော့
အဝေးက မြင်ခွင့်လေးတစ်ချက်တောင်
မရတဲ့ ဘ၀ကို
တိတ်တဆိတ်ပဲ ရင်နာနေမိနေတော့တယ်။။။
ထားလိုက်ပါတော့......
အချစ်အတွက် ကံမကောင်းခဲ့တဲ့
ဘ၀တစ်ခုအတွက်
အလွမ်းတွေကိုပဲ မြတ်နိုးစွာ
ထွေးပွေ့ရင်း ရင်ထဲမှာ အမှန်တရားကို
တိုင်တည်သစ္စာပြုလိုက်တယ်..........။
ခုဘ၀က စလို့ သံသရာအကွေ့တစ်ရာတိုင်အောင်
ချစ်ခြင်းမပျက် အမုန်းမဖက်
ပြုံးလျှက်အစဉ် သစ္စာရှင်အဖြစ်
ဘ၀ အဆက်ဆက် မြတ်နိုးသွားမယ်....။
ချစ်သူ နောက်ဆုံးစက္ကန့် အထိ မြတ်နိုးသွားမယ်.... ။။။ ။။။
Post by မိုးမျှော်
မင်းအတွက်ငါလူရွင်တော်
ပေးဆပ်ခြင်းသက်သက်ဆို
လဲဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်ငါက
ငါ့နှလုံးသားကိုစတေးပြီး
ထာဝစဉ်ပေးဆပ်နေပါ့မယ်
ချစ်ရတဲ့ချစ်သူလေးရယ်..
အသည်းကွဲလူရွင်တော်က
မင်းနဲ့ပတ်သတ်ရင် ခဏခဏငိုခဲ့ရပြီး
ခဏခဏ ကြွေခဲ့ရတယ်
ငါကမင်းသားမဟုတ်တော့
ဇာတ်သိမ်းခန်းက လှပါ့မလား
မင်းနဲ့ဝေးနေတာ ငါအရမ်းလွမ်းနေတယ်ကွာ
Heart ထိတဲ့ ရင်ခွင်အစုံနဲ့
ထီးတစ်ချောင်းနဲ့ကောင်ကလေး
ဟိုးအဝေးကိုငေး
အချစ်ဆုံးမင်းရှိမယ်လို့ထင်တဲ့
မြို့ကလေးဆီကိုပေါ့ကွာ
ဒါလေးတွေရှိတယ်
- ကဗျာများ (11)
- ဒိုင်ယာရီလေး (6)
- မှတ်စုတို (3)
- ရည်းစားစာ (1)
ရောက်ဖြစ်ခဲ့သော
ပြောချင်တာလေးတွေ
Powered by Blogger.
Online Now
ယောက်ရှိပါတယ်..
အမှာစာ
အသည်းကွဲ လူရွှင်တော် မကြာခင် ပြန်လာမည်...။
Own Post တွေသာလျှင် တင်တော့မည်...။
အရင်တစ်ချိန်က တစ်ချို့ ခံစားချက်ပိုစ့်တွေမှာ Credit ပေးဖို့ မေ့ကျန်ခဲ့တဲ့ ပိုစ့်တွေရှိပါတယ်..။ Request and Apologyize ကို ဒီကပဲ လုပ်လိုက်ပါတယ်နော်..။
Own Post တွေသာလျှင် တင်တော့မည်...။
အရင်တစ်ချိန်က တစ်ချို့ ခံစားချက်ပိုစ့်တွေမှာ Credit ပေးဖို့ မေ့ကျန်ခဲ့တဲ့ ပိုစ့်တွေရှိပါတယ်..။ Request and Apologyize ကို ဒီကပဲ လုပ်လိုက်ပါတယ်နော်..။
Posted by
Nay Min Wai
Sunday, 25 April 2010
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)