ချစ်သူတွေအတွက် ချစ်ခြင်းရဲ့ သင်္ကေတ အမည်နာမကိုယ်စီရှိတတ်ကြတာ သဘာဝပါပဲနော်။ ကိုယ်နဲ့မင်းမှာလည်း ချစ်ခြင်းအနက်ကို သက်သေပြတဲ့ ဝေါဟာရလေးတွေ ရှိခဲ့ကြတယ်။ မင်းမှတ်မိနေဦးမယ် ထင်ပါတယ်။
“နင်၊ ငါ၊ ခင်ဗျား၊ ကျုပ်” တွေ နှုတ်က လှိုင်လှိုင်ကြီး သုံးနိုင်ခဲ့ကြတော့ ကိုယ့်ရင်ထဲမှာ တနင့်နင့် ခံစားရသလို မင်းလည်း ထပ်တူထပ်မျှ ဖြစ်လိမ့်မယ်။ ဘယ်လိုမှ ချုပ်တည်းလို့ မရနိုင်တဲ့ ပေါက်ကွဲမှု သံစဉ်တွေဟာ နှလုံးသားကို ရိုက်ခတ်ထုနှက်လိုက်သလိုပါပဲ။ နာကျင်လိုက်တာ။
ကိုယ်တွေးမိတယ်။ မြန်မာအဘိဓာန်ထဲမှာ အဲဒီအသုံးအနှုန်းတွေ ထည့်သွင်းမထားခဲ့ရင် ဘယ်လောက်ကောင်းမှာလဲ။ ချစ်သူတွေဆီကို မလိုလားအပ်တဲ့ ဝေါဟာရတွေ လက်ဆောင်မပေးဖို့ အဘိဓာန်ကြီး တောင်းပန်ချင်ပါသေးတယ်။ ဘာတွေလဲဆိုတော့ ဒေါသ၊ မာန နဲ့ သံသယတွေလေ။
နှလုံးသားဆိုတာ အင်မတန်ထိရှလွယ်တဲ့ အစုပစ္စည်းတစ်ခုပေါ့။ သူ့မှာ ဒေါသကို လက်ခံယူဖို့ အင်အား မရှိပါဘူး။ သံသယကို ဖြေရှင်းပြဖို့ အခွင့်ရေးမရှိပါဘူး။ မာနကို ရင်ဆိုင်ဖို့ စွမ်းရည်လည်းမရှိပါဘူး။ သူ့မှာရှိတာကတော့ မျက်ရည်လို့ခေါ်တဲ့ နှလုံးသွေးတွေပါ။
နှလုံးသွေးဟာ ကျား / မ ရယ်လို့ မရွေးပါဘူး။ ဒဏ်ရာရရင်တော့ ကျလာမှာပဲ။ ကိုယ်လေ အချစ်နဲ့ ပတ်သက်တဲ့ အဘိဓာန်စာအုပ်တစ်အုပ် သီးခြားခွာထုတ် ပြုစုချင်လိုက်တာ ချစ်သူ။ အဲဒီစာအုပ်ထဲမှာ နှလုံးသားကို ထိခိုက်စေသော ဝေါဟာရတွေ လုံးဝမပါစေရဘူး။ အမုန်းဆိုတဲ့ စကားလုံးကိုလည်း အထူးသတိထား ဖယ်ရှားပစ်ခဲ့မယ်။ ရှေ့တန်းတင်ထားချင်တာက အကြင်နာပဲ။
ဒါပေမယ့် အိပ်မက်ထဲမှာတောင် အကောင်ထည်ဖော်ခွင့် မရနိုင်တဲ့ ယုတ္တိမဲ့စိတ်ကူးယဉ်ခြင်း တစ်မျိုးပါ။ ဒါကြောင့်လည်း အဘိဓာန်ထဲက လွမ်းဆွတ်ခြင်းလက်ဆောင်ကို ကိုယ်လှလှကြီး ရခဲ့တာပေါ့။
မင်းအတွက်ငါလူရွင်တော်
ပေးဆပ်ခြင်းသက်သက်ဆို
လဲဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်ငါက
ငါ့နှလုံးသားကိုစတေးပြီး
ထာဝစဉ်ပေးဆပ်နေပါ့မယ်
ချစ်ရတဲ့ချစ်သူလေးရယ်..
အသည်းကွဲလူရွင်တော်က
မင်းနဲ့ပတ်သတ်ရင် ခဏခဏငိုခဲ့ရပြီး
ခဏခဏ ကြွေခဲ့ရတယ်
ငါကမင်းသားမဟုတ်တော့
ဇာတ်သိမ်းခန်းက လှပါ့မလား
မင်းနဲ့ဝေးနေတာ ငါအရမ်းလွမ်းနေတယ်ကွာ
Heart ထိတဲ့ ရင်ခွင်အစုံနဲ့
ထီးတစ်ချောင်းနဲ့ကောင်ကလေး
ဟိုးအဝေးကိုငေး
အချစ်ဆုံးမင်းရှိမယ်လို့ထင်တဲ့
မြို့ကလေးဆီကိုပေါ့ကွာ
ဒါလေးတွေရှိတယ်
- ကဗျာများ (11)
- ဒိုင်ယာရီလေး (6)
- မှတ်စုတို (3)
- ရည်းစားစာ (1)
ရောက်ဖြစ်ခဲ့သော
ပြောချင်တာလေးတွေ
Powered by Blogger.
Online Now
ယောက်ရှိပါတယ်..
အမှာစာ
အသည်းကွဲ လူရွှင်တော် မကြာခင် ပြန်လာမည်...။
Own Post တွေသာလျှင် တင်တော့မည်...။
အရင်တစ်ချိန်က တစ်ချို့ ခံစားချက်ပိုစ့်တွေမှာ Credit ပေးဖို့ မေ့ကျန်ခဲ့တဲ့ ပိုစ့်တွေရှိပါတယ်..။ Request and Apologyize ကို ဒီကပဲ လုပ်လိုက်ပါတယ်နော်..။
Own Post တွေသာလျှင် တင်တော့မည်...။
အရင်တစ်ချိန်က တစ်ချို့ ခံစားချက်ပိုစ့်တွေမှာ Credit ပေးဖို့ မေ့ကျန်ခဲ့တဲ့ ပိုစ့်တွေရှိပါတယ်..။ Request and Apologyize ကို ဒီကပဲ လုပ်လိုက်ပါတယ်နော်..။
Posted by
Nay Min Wai
Monday, 26 April 2010
Labels:
ဒိုင်ယာရီလေး
Subscribe to:
Post Comments (Atom)